Share this

သတ္တမနေ့ အစီအစဉ် (၂၆.၁.၂၀၁၈)

Friday, January 26, 2018 - 09:30
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး

သတ္တမနေ့ အစီအစဉ်

[ ၂၆ - ၁ - ၂၀၁၈ ]( သောကြာနေ့ ) နံနက် ၁၀ နာရီ

 

၁။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။      အမျိုးသားလွှတ်တော်် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။      အမျိုးသားလွှတ်တော် သတ္တမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။      အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။

၅။      ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -

(က)   ဦးဥက္ကာမင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကတန်ကျွန်းပတ်လမ်း (၄၄ မိုင် ၅ ဖာလုံ)အနက်မှ ကတ္တရာလမ်းခင်းပြီး ကျန်ရှိသော ကျောက်ခင်း လမ်းပိုင်း (၂၁မိုင် ၁ ဖာလုံ) ကို ၁၈ ပေ အကျယ်ကွန်ကရစ်လမ်း ပြုလုပ် ဆောင်ရွက်ပေးရန်နှင်‌့ ကျွန်းစုမြို့၏ တစ်လမ်းတည်းသာရှိသော အဓိက လမ်းမကြီး  တစ်မိုင်အား မြို့နယ်စည်ပင်သာယာရေးထံမှ လွှဲပြောင်းရယူကာ  (ပေ ၁၀၀) လမ်းအဖြစ် တိုးချဲ့ပြင်ဆင်ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ )  ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မွန်ပြည်နယ်၊ ရေးမြို့နှင်‌့ ကျောင်းရွာကျေးရွာအကြား ဆက်သွယ်ထားသည်‌့ ကတ္တရာလမ်းကို ပြင်ဆင် ထိန်းသိမ်းပေးရန်  အစီအစဉ် ရှိ/မရှိ နှင်‌့ စပ်လျဉ်းသည့် မေးခွန်း၊

( ဂ )  ဦးကျော်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ - ဒလ - တွံတေး - ကော့မှူး - ကွမ်းခြံကုန်း - ဒေးဒရဲ လမ်းပိုင်းကို BOT စနစ်ဖြင်‌့ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဇေကမ္ဘာ ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ပါ အချက်အလက်များအတိုင်း ဆောင်ရွက်ထားမှု  မရှိသည်‌့ကိစ္စ  နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။      စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးခြင်း -

                    (က)   ဒေါက်တာပြည့်ဖြိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)

                   ( ခ )  ဦးစိုးသိန်း(ခ)ဦးမောင်စိုး၊

                             တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)

၇။      ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း-

                   (က)   နော်ခရစ္စထွန်း (ခ) ဒေါက်တာအားကာမိုး၊

                             ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)

                   ( ခ )  ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)

          ( ဂ )  ဒေါက်တာပြည့်ဖြိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)

                   (ဃ)   ဦးစိုးသိန်း(ခ)ဦးမောင်စိုး၊

                             တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)

၈။      အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး သတ္တမနေ့ ရပ်နားကြောင်းနှင့် အဋ္ဌမနေ့ အစည်းအဝေး  ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။