Share this

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်(ရေဆင်း)မှ ဒုတိယပါမောက္ခချုပ်(သင်ကြား)ဒေါက်တာစန်းဝင်းက ဝါး စိုက်ပျိုးပြုစုခြင်းဆိုင်ရာ ဟောပြောပို့ချချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကျင်းပခြင်း

Thursday, December 20, 2018 - 09:11
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်(ရေဆင်း)နှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် ဝါးစိုက်ပျိုးပြုစုခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲအား အမျိုးသားလွှတ်တော်၊ (J)ဆောင် ထမင်းစားခန်းမတွင် (၁၉.၁၂.၂၀၁၈)ရက်နေ့၊ နေ့လည်(၁၃၄၅)နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားအား အမျိုးသားလွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟက အဖွင့်အမှာစကားပြောကြား၍ ဒုတိယပါမောက္ခချုပ်(သင်ကြား)ဒေါက်တာစန်းဝင်းက တွေ့ဆုံရသည့် ရည်ရွယ်ချက်၊ သုတေသနတွေ့ရှိချက်နှင့် ဝါးမျိုးပွားခြင်းအမျိုးမျိုး၊ ဝါးစိုက်ပျိုးခြင်းနှင့် ဝါးစိုက်ခင်း တည်ထောင်ခြင်းများကိုလည်းကောင်း၊ ပေါင်းသင်ရှင်းလင်းခြင်းများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များမှ သိရှိလိုသည်များအား မေးမြန်းရာ ဒုတိယပါမောက္ခချုပ်(သင်ကြား)ဒေါက်တာစန်းဝင်းက ပြည်လည်ဖြေကြားခဲ့ပါသည်။

ထို့နောက် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးစခင်ဇော်လင်းက နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို (၁၅၄၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။