အမျိုးသားလွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီနှင့် ဥပဒေပညာရှင် ဦးကျော်စိန်၊ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိ ပုဂ္ဂိုလ်တို့၏ တွေ့ဆုံဆွေးနွေးပွဲကို ရေးရာဆောင် အမှတ်(I-17) အပေါ်ထပ်အစည်းအဝေး ခန်းမ၌ (၂၄.၅.၂၀၁၉)ရက်နေ့ (၁၃၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဥပဒေပညာရှင် ဦးကျော်စိန်မှ မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဦးဆောင်ဆွေးနွေးပြီး အမျိုးသားလွှတ်တော်၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီဝင်များက သိရှိလိုသည်များ အား တက်ရောက်လာကြသည့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိပုဂ္ဂိုလ်များထံ အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြပြီး အခမ်းအနားကို (၁၆၀၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။