အမျိုးသားလွှတ်တော် ပထမအကြိမ် နဝမပုံမှန် အစည်းအဝေး၌ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနမှ ပေးပို့သော ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ပထမ (၆) လပတ် အစီရင်ခံစာအား ဆွေးနွေးပြီး ပူးပေါင်းကော်မတီအား အချိန်မီပေးရန်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ရင်းနှီးမြှပ်နှံမှု လျာထားချက်များ (မူကြမ်း) အပေါ် ဝေဖန်သုံးသပ်ပြီး ပူးပေါင်းကော်မတီထံ အချိန်မီပေးရန် အစည်းအဝေးကို ၂၀.၁.၂၀၁၄ ရက်နေ့ အစည်းအဝေး အမှတ်စဉ် ၁/၂၀၁၄ ဖြင့် ပြုလုပ် ကျင်းပခဲ့ပါသည်။