Share this

အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများ အစည်းအဝေးကျင်းပ

Tuesday, July 12, 2016 - 13:53
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေနှင့် ကော်မတီအဖွဲ့ဝင်များသည် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သည့်မေးခွန်းများ၊ အဆိုများနှင့် စပ်လျဉ်း၍ ကတိဖြစ်ပေါ်မှုအခြေအနေများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် (၇-၁၂-၂၀၁၆) ရက်နေ့ (၁၀၀၀) နာရီတွင် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ကော်မတီအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးတွင် ဝန်ကြီးဌာနများအနေဖြင့် ကတိဖြစ်ပေါ်ခဲ့သည့် ကိစ္စရပ်များကို သတ်မှတ်အချိန်အတွင်း လုပ်ငန်းများပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်စေလိုကြောင်း၊ သို့မှသာ အစိုးရနှင့်လွှတ်တော်ကို ပြည်သူများက အလေးအနက်ထား ယုံကြည်အားကိုးလာမည်ဖြစ်ကြောင်း ဦးသိမ်းဆွေက ပြောကြားခဲ့သည်။

ယင်းအစည်းအဝေး၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဆွေးနွေးခဲ့ပြီး ဒီဇင်ဘာ (၈) ရက်နေ့တွင် ကျန်ရှိသည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပါသည်။