ပထမအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရမှ ပေးခဲ့သည့် ကတိများ ဆောင်ရွက် ပြီးစီးမှု အခြေအနေများ လေ့လာနိုင်ရေးအတွက် နယ်မြေဒေသ အသီးသီးသို့ သွားရောက် လေ့လာစိစစ်ခဲ့သည့် လုပ်ငန်းများ အား နဝမပုံမှန် အစည်းအဝေးတွင် အစီရင်ခံစာတင်မည့် ကိစ္စနှင့်စပ်လျဉ်းသည့် ကော်မတီအစည်းအဝေးကို ၁၆.၁.၂၀၁၄ ရက်နေ့ (၁၃:၀၀)နာရီတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။