ပထမအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရမှ ပေးခဲ့သည့် ကတိများ ဆောင်ရွက် ပြီးစီးမှု အခြေအနေများ လေ့လာနိုင်ရေးအတွက် နယ်မြေဒေသ အသီးသီးသို့ သွားရောက်လေ့လာ စိစစ်ခဲ့သည့် လုပ်ငန်းများ အား နဝမပုံမှန် အစည်းအဝေးတွင် အစီရင်ခံစာတင်မည့်ကိစ္စနှင့် စပ်လျဉ်း၍သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးခြင်း အစည်းအဝေးကို ၂၃.၁.၂၀၁၄ရက်နေ့ (၁၃:၀၀) နာရီတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။