ပထမအကြိမ် အမျိုးသားလွတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ပထမပုံမှန်မှ ပဉ္စမပုံမှန်အထိ မေးမြန်း/ တင်သွင်းခဲ့သည့် မေးခွန်း/အဆိုများအပေါ် ဆောင်ရွက်ဆဲ အခြေအနေများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးခြင်း အစည်းအဝေးကို ၃၀.၇.၂၀၁၃ ရက်နေ့ (၁၃:၀၀)နာရီတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။