ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ အစီအစဉ်[ ၂၉ - ၁ - ၂၀၁၈ ]( တနင်္လာနေ့ ) နံနက် ၁၀ နာရီ ၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။၂။ အမျိုးသားလွှတ်တော်် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။၃။ အမျိုးသားလွှတ်တော် အဋ္ဌမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်် ရယူခြင်း။၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -(က) နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် ကတိကဝတ်များအား အကောင်အထည်ဖော်ရန်နှင့် မြန်မာနိုင်ငံ၏ ကလေးသူငယ် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် မြို့နယ်အဆင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီများကို ပြန်လည်ဖဲွ့စည်း၍ လက်တွေ့ အကောင်အထည်ဖော်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊( ခ ) ဒေါ်အိအိပြုံး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ မသန်စွမ်း သူများ၏ အခွင့်အရေးဥပဒေအရ မသန်စွမ်းသူများအတွက် ဥပဒေ၏ အကာအကွယ်ကို ပြည့်ဝစွာရရှိရန်နှင့် သီးသန့်ရန်ပုံငွေတစ်ရပ် ထူေထာင်ပြီး ထောက်ပံ့ကူညီ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊( ဂ ) ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကိုးကန့်တိုင်းရင်းသားများနှင့် သက်ဆိုင်သည့် “ ကိုးကန့်အမျိုးသားနေ့” ကို တရားဝင် အသိအမှတ်ပြု သတ်မှတ်ပေးနိုင်မည့် အစီအစဉ်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊(ဃ) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၇၇-အေ)၊ သာစည်တောင်ကွင်းတွင်ရှိသည့် မြေဧက (၇၃.၉၆)ဧကအား စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်)မှ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဥ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊( င ) ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ ပြန်ကြားရေး ဝန်ကြီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနတွင် ထုတ်ဝေခြင်း အသိအမှတ်ပြု လက်မှတ် လျှောက်ထားရယူ၍ ပြည်တွင်းတွင် ထုတ်လုပ်ရောင်းချသော စာအုပ်၊ စာပေ၊ စာစောင်များ၊ နိုင်ငံတော်က သတ်မှတ်ထားသော ကုန်သွယ်မှုနည်းလမ်းများဖြင့် ပြည်ပမှတင်သွင်းရောင်းချသော စာအုပ်၊ စာပေ၊ စာစောင်များနှင့် ဆက်နွှယ်သော ဝန်ဆောင်မှု Supply Chain တစ်ခုလုံးကို ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊( စ ) ဦးစောစိန်ထွန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ နိုင်ငံတော်ရှိ ရေးဆွဲပြဋ္ဌာန်းထုတ်ပြန်ခဲ့သည့် ဥပဒေ၊ နည်းဥပဒေများကို ပြည်သူလူထု လွယ်လင့်တကူ လေ့လာဖတ်ရှုနိုင်ရေးအတွက် အခမဲ့ဖြန့်ဝေပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။ ၆။ တီထွင်မှု မူပိုင်ခွင့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း - (က) ဒေါက်တာပြည့်ဖြိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇) ( ခ ) ဦးစိုးသိန်း(ခ)ဦးမောင်စိုး၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၇။ စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးခြင်း- (က) ဒေါက်တာပြည့်ဖြိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇) ( ခ ) ဦးစိုးသိန်း(ခ)ဦးမောင်စိုး၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ ရပ်နားကြောင်းနှင့် နဝမနေ့ အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။