Share this

အဋ္ဌမနေ့ အစီအစဉ် (၃၀ - ၁၁ - ၂၀၁၈)

Friday, November 30, 2018 - 08:25
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒသမပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး 

အဋ္ဌမနေ့ အစီအစဉ်

[ ၃၀ - ၁၁ - ၂၀၁၈ ](သောကြာနေ့) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပ ကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် အဋ္ဌမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားခြင်း -

(က) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့၊ သစ်တောဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများ နေထိုင်ရန် ဝန်ထမ်းအိမ်ရာ အဆောင်သစ် (၆၀ x ၃၀) ပေ နှစ်ထပ်ဆောင် တစ်ဆောင်နှင့် မြို့နယ်ဦးစီးအရာရှိနေအိမ် (၄၀ x ၃၀) ပေ တစ်လုံးတို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ဖာခါးသစ်တောကြိုးဝိုင်း နှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်း၊

( ဂ ) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ဖြစ်ပေါ်နေသော ရေထုညစ်ညမ်း အရောင်ပြောင်းလဲမှုကိစ္စကြောင့် ဒေသခံပြည်သူလူထု၏ စိုးရိမ်မှုများမှာ တစ်စတစ်စမြင့်မားလာကာ ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများရှိလာနေသည့် သတင်းများ ထွက်ပေါ်နေသောကြောင့် သက်ဆိုင်ရာ အစိုးရ၊ ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများအနေဖြင့် မည်သို့တုံ့ပြန် ဆောင်ရွက်မည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ လင်းမြွေတောင်တန်းကြီးကို လုံးဝပျက်စီးဆုံးရှုံးသွားစေ နိုင်သည့် ကျောက်မိုင်းခွဲကာ ကျောက်ထုတ်လုပ်နေမှုကို သက်ဆိုင်ရာမှ ရပ်တန့်စေပြီး နောင်တွင်လည်း ဤနေရာကို ကျောက်ထုတ်လုပ်ခြင်းမှ တားမြစ်ထားသောနယ်မြေအဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊ 

 ( င ) ဒေါ်စန်းစန်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲခူးရိုးမတောင်ခြေရှိ ကျေးရွာများဖြစ်သော ကင်မွန်းအင်းကျေးရွာ၊ တိုက်ကြီးစုကျေးရွာ၊ ပုဂံကွဲကျေးရွာ၊ သစ်တောကြိုးဝိုင်း အမှတ်(၅၂)အကွက်ရှိ မြေဧရိယာ ဧက(၈၀)ခန့်ပေါ်တွင် လွန်ခဲ့သော    ၂၀၀၈-၂၀၀၉ ခုနှစ် ကတည်းက တောင်သူ(၂၂)ဦးမှ ပုဂ္ဂလိက သစ်တော စိုက်ခင်းတည်ထောင်ရန် လျှောက်ထားခဲ့ရာ ခွင့်ပြုခဲ့သဖြင့် တောင်သူများသည် တောင်ယာလုပ်ငန်း လုပ်ကိုင်ခြင်း၊ ကျွန်းပင်များနှင့် လျှော်ဖြူပင်များ စိုက်ပျိုးခြင်းများ လုပ်ကိုင်လာရာ နိုင်ငံတော်ကို တစ်ဧက (၈၀၀၀)ကျပ် ပေးသွင်းခဲ့ရခြင်းများရှိခဲ့ပြီး ယခုအခါ ကျေးရွာသုံး ထင်းစိုက်ခင်း ဧက(၁၅၀)ထဲတွင် ပါဝင်နေသည်ဟုဆိုကာ ဖယ်ရှားခိုင်းနေပါသဖြင့် တောင်သူအများစုမှာ များစွာမှ နစ်နာဆုံးရှုံးမှုများအား မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း နှင့် နစ်နာကြေးများပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) စောယှားဖောင်အွာ၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ “ခနောက်စိမ်း” ထုတ်လုပ်နေသည့်ကုမ္ပဏီများမှ ခွင့်ပြုချက်နှင့် စည်းကမ်းများ လိုက်နာခြင်း ရှိ/မရှိ၊ အခွန်အခများ၊ လူမှုရေး အရ တာဝန်ယူမှု ရှိ/မရှိနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေမှုများ တားဆီးကာကွယ်ခြင်း ရှိ/မရှိ တို့ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း။

  ၆။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ၂၀၁၈ ခုနှစ်၊ လောင်းကစား ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြား ရှင်းလင်းခြင်း။

  ၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ၂၀၁၈ ခုနှစ်၊ လောင်းကစား ဥပဒေကြမ်းကို အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

  ၈။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ရာဇသတ်ကြီးကို ဒုတိယ    အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းခြင်း။

  ၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၀။ ဦးအောင်သိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)က   ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရန် အဆိုတင်သွင်းခြင်း နှင့်  လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း။

၁၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၂။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ ရပ်နားကြောင်းနှင့် နဝမနေ့ အစည်းအဝေး ဆက်လက် ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။