အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များသည် UNICEF ဌာနေ ကိုယ်စားလှယ် Mr. Bertrand Bainvel နှင့်အဖွဲ့အား ဧပြီလ ၄ ရက်နေ့ နံနက် (၁၁: ၃၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော် ရေးရာအဆောင်အမှတ် (I-20) တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်အခွင့်အရေးကိစ္စရပ်များနှင့် သက်ဆိုင်သည့် ဖွံ့ဖြိုးတိုးတက်မှု၊ စိန်ခေါ်မှုများ၊ အခွင့်အလမ်းများအပေါ် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။