အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဆောင်သည့် ရငွေသုံးငွေများစိစစ်ရေးပူးပေါင်းအဖွဲ့(၁၅) သည် “၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ၂၀၁၈ခုနှစ်ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းများ၌ပါဝင်သည့် စီမံကိန်းလုပ်ငန်းများနှင့် လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက်များ ပြန်လည်ပေးပို့နိုင်ရေး” နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် (၂၄.၁.၂၀၁၈)ရက် နေ့လည်(၁၂၀၀) နာရီအချိန်တွင် ရေးရာဆောင်အမှတ်(I-18) အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။