အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၇.၂.၂၀၁၈)ရက်နေ့ (၁၁၀၀) နာရီတွင် အမျိုးသားလွှတ်တော်ရေးရာဆောင်အမှတ် (I-20) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ (ကိုယ်စား) အတွင်းရေးမှူး ဦးမောင်မောင်လတ်က အဖွင့်အမှာစကားပြောကြားပြီး၊ ကော်မတီဝင်များက လုပ်ငန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြပါသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူးက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေး ကို (၁၁၂၀) နာရီတွင်ရပ်နားခဲ့ပါသည်။