အမျိုးသားလွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၅-၁-၂၀၁၈)ရက်နေ့ (၁၁၁၅)နာရီတွင် အမျိုးသားလွှတ်တော်ရေးရာဆောင်အမှတ် (I-20) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်က အဖွင့်အမှာစကား ပြောကြားပြီး အတွင်းရေးမှူးက လုပ်ငန်းနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးတင်ပြပါသည်။ထို့နောက် ကော်မတီဝင်များက လုပ်ငန်းနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးကြပြီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို (၁၂၃၀)နာရီတွင် ရပ်နားခဲ့ပါသည်။