Share this

အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာန ဆွေးနွေးပွဲကျင်းပ

Thursday, May 12, 2016 - 13:03
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာန ဆွေးနွေးပွဲကို (၁၂-  ၅- ၂၀၁၆) ရက်နေ့ မွန်းလွဲ (၁၃ : ၀၀) နာရီမှ (၁၅ : ၁၅) နာရီအချိန်ထိ  အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-14) ၌ အစီအစဉ် (၆) ရပ်ဖြင့် ကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်မှ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအောက်ရှိ လုပ်ငန်းခွဲ (၆)ခုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လုပ်ငန်းခွဲများ၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြပြီးနောက် ကော်မတီအဖွဲ့ဝင်များမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။