Share this

အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ဆွေးနွေး

Monday, May 16, 2016 - 13:05
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနှင့်  ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့၏ ဆွေးနွေးပွဲကို (၁၆- ၅- ၂၀၁၆)  ရက်နေ့ မွန်းလွဲ (၁၃ : ၀၀) နာရီမှ (၁၅ : ၂၀) နာရီအချိန်အထိ  အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-14) ၌ အစီအစဉ် (၆) ရပ်ဖြင့် ကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့်က တိုင်းရင်းဆေးပညာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ တိုင်းရင်းဆေးဝါးများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအပေါ် ကော်မတီဝင်များမှ သိရှိလိုသည်များအား ဆွေးနွေးအကြံပြုတင်ပြခဲ့ပါသည်။