အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်နှင့် ကော်မတီအဖွဲ့ဝင်များအား (၈-၁၂-၂၀၁၆) ရက်နေ့ (၁၂၀၀) နာရီတွင် အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-14) ၌ Phoenix Associations ဦးစီး အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် HIV/AIDS ဆိုင်ရာ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ဆောင်ရွက်နေမှု အခြေအနေများ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဘဝလုံခြုံမှု တိုးတက်မြင့်မားစေရေးအတွက် ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲပေးရန်လိုအပ်နေမှုများ၊ တွေ့ကြုံနေရသောအခက်အခဲများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။