Share this

အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌတို့နှင့် UNAIDS MYANMAR မှ COUNTRY DIRECTOR, EAMONN MURPHY တို့ တွေ့ဆုံပွဲ

Tuesday, August 30, 2016 - 13:30
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းတို့အား UNAIDS Myanmar မှ Country Director, Eamonn Murphy သည် (၃၀-၈-၂၀၁၆) ရက်နေ့ (၁၂၀၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

ယင်းသို့တွေ့ဆုံရာတွင် ဆေးဝါးနှင့်စပ်လျဉ်းသော အသိဉာဏ်ပစ္စည်းကုန်သွယ်မှု၊ လက်လှမ်းမီနိုင်မှုနှင့် ပတ်သက်၍လည်းကောင်း မကြာမီပြင်ဆင်တင်သွင်းသွားမည့် ဆေးဝါးဥပဒေနှင့် ပတ်သက်၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌများနှင့်အတူ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။