Share this

အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ နေပြည်တော်ကောင်စီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေး

Wednesday, January 30, 2019 - 16:31
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် “ယာမြေအား အခြားနည်းအသုံးပြုခွင့်ကိစ္စ” နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး နေပြည်တော်ကောင်စီ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် (၃၀.၁.၂၀၁၉) ရက်နေ့ ၁၃၀၀ နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များကို မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ပြီး ကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို ၁၅၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။