Share this

အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် လက်တွဲလုပ်ဆောင်လျက်ရှိသော ပျိုးပင်အစီအစဉ်နှင့် NETWORK ACTIVITIES GROUP အဖွဲ့တို့မှ လာရောက်တွေ့ဆုံ​ခြင်း

Thursday, June 22, 2017 - 14:54
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် လက်တွဲလုပ်ဆောင်လျက်ရှိသော ပျိုးပင်အစီအစဉ်နှင့် Network Activities Group အဖွဲ့တို့မှ လက်ရှိ ပူးပေါင်းဆောင်ရွက်လုပ်​ဆောင်နေမှုများဖြစ်သော ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍရပ်များနှင့် စပ်လျဉ်း၍ (၂၂-၆-၂၀၁၇) ရက်နေ့ (၁၂၃၀) နာရီတွင် နေပြည်တော်ရှိ၊ အမျိုးသားလွှတ်တော် ရေားရာဆောင်အမှတ် (I-14) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်အတူ အဖွဲ့ဝင်(၁၃)ဦး တက်ရောက်ခဲ့ကြပါသည်။