Share this

အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများလာရောက်တွေ့ဆုံ

Thursday, September 20, 2018 - 09:39
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် (၁၉.၉.၂၀၁၈)ရက်နေ့ (၁၄၁၅)နာရီအချိန်တွင် ရေးရာဆောင်အမှတ်(I-14) အစည်းအဝေးခန်းမ၌ မြိတ်ခရိုင်၊ ကင်းမွန်လှေလုပ်ငန်းရှင်များအသင်းမှ တင်ပြလာသည့် ကင်းမွန်လုပ်ငန်းဆိုင်ရာ အခက်အခဲပြဿနာများ၊ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေပါ ပြဋ္ဌာန်းချက်တချို့နှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းရှင်းလင်းဆွေးနွေးရာ ကော်မတီအဖွဲ့ဝင်များနှင့် တနင်္သာရီတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးကြပြီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြား၍ တွေ့ဆုံပွဲ အခမ်းအနားကို (၁၅၁၅)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။