အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် (I-14) အစည်းအဝေးခန်းမ၌ (၂၀.၁၁.၂၀၁၇)ရက်နေ့ (၁၅၀၀)နာရီအချိန်တွင် Myanmar Fisheries International Joint Venture Limited မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ငါးတင်/ငါးချဆိပ်ကမ်း၊ ငါးလေလံဈေးကိစ္စ၊ ငါးနှင့်ရေသယံဇာတများမှ ရသင့်ရထိုက်သော အခွန်အခကိစ္စများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်းအခမ်းအနားကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး Myanmar Fisheries International Joint Venture Limited မှ တာဝန်ရှိပုဂ္ဂိုလ်များက ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသော ကော်မတီဝင်လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်မေးမြန်းခြင်းနှင့် ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြား၍ အခမ်းအနားကို (၁၆၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။