အမျိုးသားလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် (၁၄.၈.၂၀၁၈)ရက်နေ့ (၁၂၃၀)နာရီအချိန်တွင် ရေးရာဆောင်အမှတ် (I-14)အစည်းအဝေးခန်းမ၌ မြိတ်ခရိုင်၊ ကင်းမွန်လှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ကင်းမွန်လုပ်ငန်းဆိုင်ရာ အခက်အခဲပြဿနာများ၊ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေပါ ပြဋ္ဌာန်းချက်တချို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးကြပြီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြား၍ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို (၁၄၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။