Share this

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်နှင့် ကော်မတီဝင်များအား Supreme Trading Company Limited နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအခြေစိုက် Sinohydro Corporation Ltd(POWERCHINA)၏ တာဝန်ရှိသူများက လာရောက်တွေ့ဆုံ

Friday, June 7, 2019 - 13:58
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်နှင့် ကော်မတီဝင်များအား Supreme Trading Company Limited မှ ဦးဇော်နိုင်သိန်း(Chief Executive Officer) အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအခြေစိုက် Sinohydro Corporation Ltd(POWERCHINA) မှ Mr.Liang Young Bin (General Manger)အဖွဲ့တို့မှ တာဝန်ရှိသူများက (၇.၆.၂၀၁၉)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ရေးရာဆောင်အမှတ်(I-17)အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းတွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်မည့် သဘာဝဓာတ်ငွေ့ နှင့် စွန့်ပစ်အပူသုံး ၁၃၅ မဂ္ဂါဝပ်ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နယ်ခွဲ၊ မီးလင်းဂျိုင့်ဒေသတွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော၁၃၉၀ မဂ္ဂါဝပ်သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကန်း Integrated LNG to Power Project တို့၏ လက်ရှိ ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပါသည်။

အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင် ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ အတွင်းရေးမှူး ဦးမြမင်းဆွေ၊ ကော်မတီဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။