အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီအား ဓနရာဇာကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက (၁၂.၉.၂၀၁၈)ရက်နေ့ (၁၅၃၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-17) အောက်ထပ် အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။
ယင်းသို့တွေ့ဆုံရာတွင် ဓနဇာကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ၊ ဦးအောင်စိုးဝင်း နှင့် အဖွဲ့ဝင်(၃)ဦးတို့က ၎င်းကုမ္ပဏီမှ ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဆောင်ရွက်နေသော မြို့နယ်များ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေများနှင့် ကြုံတွေ့နေသည့်အခက်အခဲများအား ရှင်းလင်းဆွေးနွေးပါသည်။
အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ အတွင်းရေးမှူး ဦးမြမင်းဆွေနှင့်အဖွဲ့ဝင်(၉)ဦးတို့ တက်ရောက်ကြပါသည်။