Share this

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကော်မတီသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ (စွမ်းအင်ကဏ္ဍ)အား ဖိတ်ကြား၍ ဆွေးနွေးညှိနှိုင်းခြင်း

Wednesday, September 5, 2018 - 14:25
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များက (၅.၉.၂၀၁၈)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-17) အောက်ထပ်အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်း ဆွေးနွေးသည်။

ယင်းတွေ့ဆုံရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဇော်အောင်နှင့်အဖွဲ့ဝင် (၂)ဦးက စွမ်းအင် ကဏ္ဍ၏ မူဝါဒ၊ ရည်မှန်းချက်၊ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ အတွင်းရေးမှူး ဦးမြမင်းဆွေ နှင့် အဖွဲ့ဝင်(၇)ဦးတို့ တက်ရောက်ကြပါသည်။