အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီအား China Machinery Engineering Corporation မှ တာဝန်ရှိပုဂ္ဂိုလ်များက (၂၀.၁၂.၂၀၁၈)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-17)အောက်ထပ်အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံညှိနှိုင်းသည်။
ယင်းသို့တွေ့ဆုံရာတွင် China Machinery Engineering Corporation မှ Mr.Ma XIANCAI (Deputy General Manager) နှင့် အဖွဲ့ဝင်(၅)ဦးတို့က Clean Coal Technology အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်ယူအသုံးပြုနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပါသည်။
အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစောမိုးမြင့် (ခ) ဆင်မြူရယ်၊ အတွင်းရေးမှူး ဦးမြမင်းဆွေနှင့် အဖွဲ့ဝင်(၉)ဦးတို့ တက်ရောက်ကြပါသည်။