အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် (၄.၉.၂၀၁၈)ရက်နေ့ (၁၅၀၀)နာရီအချိန်တွင် ရေးရာဆောင်အမှတ် (I-14) အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို လေ့လာလိုသည့်ကိစ္စနှင့် စပ်လျဉ်း၍ လာရောက်လေ့လာရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးပြောကြားခဲ့ပြီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြား၍ တွေ့ဆုံပွဲအခမ်းအနားကို (၁၇၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။