အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးဘမျိုးသိန်းနှင့် ကော်မတီဝင်များအား World Bank and Asian Development Bank Joint Scoping Mission မှ Mr. Surhid Gautam ဦးဆောင်သောအဖွဲ့က (၁၇-၈-၂၀၁၆) ရက်နေ့ ညနေ (၁၆:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံရာတွင် သဘာဝပတ်ဝန်းကျင်ရေးရာနှင့် လူမှုရေးရာစီမံခန့်ခွဲမှု၊ လူမှုရေးဘဝများ လေ့လာဆန်းစစ်ခြင်း၊ အတင်းအကြပ်ပြန်လည်နေရာချထားခြင်း၊ မြေသိမ်းဆည်းခြင်းတို့နှင့် ပတ်သက်သော စွမ်းရည်မြှင့်တင်သည့် သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ရည်ရွယ်၍ Establishing a Safe guards Learning Center ဖွင့်လှစ်ရန် ဖြစ်နိုင်ချေ စူးစမ်းလေ့လာခြင်း ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးဘမျိုးသိန်း၊ အတွင်းရေးမှူး ဦးစိုးဝင်းနှင့် ကော်မတီဝင်များဖြစ်သော နော်ဆာမူထူး၊ ဦးအောင်မျိုး၊ ဦးစိုင်းလုံစံခတ်တို့နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။