အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဘမျိုးသိန်း၊ အတွင်းရေးမှူး ဦးစိုးဝင်းနှင့် ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးလှမြင့်(ခ) ဦးလှမြင့်သန်းတို့အား World Bank and Asian Development Bank Joint Scoping Mission မှ Lead Land Administration Specialist, Mr. Mika-Petteri Torhonen က (၂၀-၉-၂၀၁၆) ရက်နေ့ နံနက် (၁၀၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ လယ်ယာမြေစီမံခန့်ခွဲမှု ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်မှ ပူးပေါင်းဆောင်ရွက်နိုင်မှုများနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။