အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းသည် UK နိုင်ငံ၊ Westminster Foundation for Democracy(WFD) မှ Mr. Devin O’ Shaughnessy အား မတ်လ၂၁ ရက်နေ့ မွန်းလွဲ ၁၃ ၃၀ နာရီအချိန်တွင် အမျိုးသားလွှတ်တော် ကော်မတီရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်နှင့် တိုင်းလွှတ်တော်များ၏ Capacity Building မြှင့်တင်ရေးကိစ္စ၊ ဝန်ထမ်းများ၏ Capacity Building မြှင့်တင်ရေးကိစ္စ၊ ဝန်ထမ်းများကို သင်တန်းပေးရေးကိစ္စ၊ လွှတ်တော်နှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ၊ ဥပဒေပြုခြင်း၊ ဥပဒေပြင်ဆင်ခြင်းကိစ္စများ၊ မြေအသုံးချမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါ်ထုမေ၊ ကော်မတီဝင်များဖြစ်ကြသော ဦးမောင်မောင်လတ်၊ ဦးဂျေယောဝူ၊ ဒေါက်တာဝင်းမြင့်၊ ဦးနိုင်ကိုကို၊ ဦးဇော်ဟိန်းနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။