အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို (၂၂.၅.၂၀၁၉)ရက်နေ့ (၁၂၄၅) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းမှ အမေရိကန်နိုင်ငံအကြောင်း ဦးဆောင် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသောအဖွဲ့ဝင်များမှ စိတ်ပါဝင်စားစွာဖြင့် သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့်အတူ ကော်မတီဝင်များ တက်ရောက်ကြပြီး အစည်းအဝေးကို (၁၄၀၀) နာရီတွင် ရုပ်သိမ်းပါသည်။