Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကျင်းပ

Thursday, May 30, 2019 - 13:55
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို (၃၀.၅.၂၀၁၉)ရက်နေ့ (၁၂:၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18) အောက်ထပ်အစည်းအဝေး ခန်းမ၌ကျင်းပပါသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းမှ အိန္ဒိယနိုင်ငံရွေးကောက်ပွဲအကြောင်း ဉီးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကော်မတီဝင်များမှ  စိတ်ပါဝင်စားစွာဖြင့် သိရှိလိုသည် များကို ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့်အတူ ကော်မတီဝင်များ တက်ရောက်ကြြပီး အစည်းအဝေးကို (၁၃:၀၀)နာရီတွင် ရုပ်သိမ်းပါသည်။