အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီဝင်များအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးတင့်က (၂၇-၆-၂၀၁၇) ရက်နေ့ (၁၃၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-18) အစည်းအဝေးခန်းမ၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၏ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။
ယင်းသို့ဆွေးနွေးရာတွင် ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန၌ ဌာနများခွဲ၍ လုပ်ငန်းဆောင်ရွက်မှုများ၊ ပြည်ပရောက်မြန်မာနိုင်ငံသားများ၏အရေးကိစ္စရပ်များနှင့် ပြည်ပသို့သွားရောက်၍ အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြပါသည်။