အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းအား ရန်ကုန်မြို့၊ ကာတာ နိုင်ငံသံအမတ်ကြီး H.E.Mr.Hassan Bin Mohamed Rafei Al – Emadi က (၂၄.၇.၂၀၁၇) ရက်နေ့ (၁၃၀၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် ကာတာနိုင်ငံနှင့် အာရပ်နိုင်ငံများ၏ ဆက်ဆံရေးအကြောင်းနှင့် ကာတာ-မြန်မာ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေး ကိစ္စရပ်များအကြောင်းတို့ကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာဦးကြွယ်ကြွယ်၊ ဒေါ်နန်းမိုးမိုးထွေး၊ ဗိုလ်မှူးဇဝနနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ကြပါသည်။