အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းအား ရန်ကုန်မြို့၊ ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီး H.E. Mr. Eduardo E.Kapunan,Jr. ဦးဆောင်သောအဖွဲ့က (၃-၈-၂၀၁၇) ရက်နေ့ (၁၃၀၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးကိစ္စရပ်များနှင့် မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါ်ထုမေ၊ အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာဦးကြွယ်ကြွယ်၊ ဦးမောင်မောင်လတ်၊ ဦးနိုင်ကိုကိုနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။