Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကျင်းပ

Wednesday, October 25, 2017 - 11:12
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကို (၂၅.၁၀.၂၀၁၇) ရက်နေ့ (၁၂၀၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-18) အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

အစည်းအဝေးတွင် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဆွေးနွေး ကြပါသည်။ ထို့နောက် သမ္မတဦးဆောင်သောစနစ်နှင့် ပါလီမန်လွှတ်တော်ဦးဆောင်သော စနစ်အကြောင်းကို ဒေါက်တာသန်းဝင်းက ဦးဆောင်ဆွေးနွေးပါသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။