အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းအား နယူးဇီလန်၊ အမျိုးသားအဆင့် လေ့လာဆန်းစစ်ရေးအဖွဲ့မှ အာရှရေးရာမန်နေဂျာ Mr. Anthony Smith ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က (၂၃.၁၁.၂၀၁၆) ရက်နေ့ (၁၄၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။ ယင်းသို့တွေ့ဆုံရာတွင် အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် လွှတ်တော်အပြန်အလှန် ထိန်းကျောင်းဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတကာမှ ပေးအပ်သည့်သင်တန်းများနှင့်ပတ်သက်ပြီး ပိုမိုထိရောက်သည့် သင်တန်းများဖြစ်လာစေရေးကိစ္စရပ်များနှင့် ကော်မတီမှ လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းအတွေ့အကြုံများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူးဒေါ်ထုမေ၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဂျေယောဝူ၊ ဦးစိုင်းအုန်းကျော်၊ ဦးနိုင်ကိုကို၊ ဦးမောင်မောင်လတ်၊ ဦးဖေတင်တို့ တက်ရောက်ကြပါသည်။