Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းအား INTERNATIONAL IDEA (INSTITUTE FOR DEMOCRACY AND ELECTROAL ASSISTANCE) မြန်မာဌာနေကိုယ်စားလှယ် MR. MARK MCDOWELL ဦးဆောင်သောအဖွဲ့က လာရောက်တွေ့ဆုံ

Tuesday, February 7, 2017 - 14:02
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီဝင်များအား International IDEA မှ Head of Country Office မြန်မာဌာနေကိုယ်စားလှယ် Mr. Mark McDowell နှင့် International IDEA, Nepal Office မှ Head of Mission, Ms. Sheri Meyerhoffer  တို့က (၇.၂.၂၀၁၇) ရက်နေ့ ၁၃၀၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် IDEA အဖွဲ့အနေနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း၊ ထို့အပြင် ဒီမိုကရေစီထွန်းကားပြန့်ပွားရေးအတွက် ကူညီဆောင်ရွက်လျှက်ရှိပါကြောင်း၊ အခြေခံဥပဒေဆိုင်ရာအကြောင်းအချင်းအရာများကို ပြန့်ပွားအောင်ဆောင်ရွက်လျှက် ရှိပါ ကြောင်း၊ ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေဆိုင်ရာကိစ္စရပ်များကို ဟောပြော ဆွေးနွေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းများ ပြုလုပ်ရန်ဆန္ဒရှိကြောင်း ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဂျေယောဝူ၊ ဦးနိုင်ကိုကို၊ ဦးမောင်မောင်လတ်၊ ဦးခွန်သိန်းဖေ၊ ဗိုလ်မှူးဇဝနတို့ တက်ရောက် ကြပါသည်။