အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီဝင်များအား စင်ကာပူသံရုံးမှ သံရုံးဒုတိယအကြီးအကဲနှင့် သံမှူးဖြစ်သူ Mr. Koh Chee Chian ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့က (၂၆.၂.၂၀၁၉)ရက်နေ့ (၁၅၄၅)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံရင်းနှီးချစ်ကြည်သော ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ အတွင်းရေးမှူး ဒေါ်ထုမေ၊ ကော်မတီဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။