Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းအား စင်္ကာပူနိုင်ငံ၊ ISEAS-YUSOF ISHAK တက္ကသိုလ် ဧည့်သုတေသီ၊ ပြင်သစ်သုတေသီ DR.RENAUD EGRETEAU (FRENCH RESEARCHER, VISITING FELLOW, AT INSTITUTE OF SOUTHEAST ASIAN STUDIES- YUSOF ISHAK INSTITUTE, SINGAPORE) က လာရောက်တွေ့ဆုံ

Tuesday, March 14, 2017 - 14:17
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီဝင်များအား စင်္ကာပူနိုင်ငံ၊ ISEAS-Yusof Ishak တက္ကသိုလ်တွင် ဧည့်သုတေသီအဖြစ် ဆောင်ရွက်နေသော ပြင်သစ်သုတေသီ Dr.Renaud Egreteau (French Researcher, Visiting Fellow, at Institute of Southeast Asian Studies- Yusof Ishak Institute, Singapore) က (၁၃.၃.၂၀၁၇) ရက်နေ့ (၁၄၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-20)ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် လွှတ်တော်ကော်မတီအနေနှင့် ဥပဒေပြုမှု၊ စောင့်ကြပ်ထိန်းကွပ်မှု၊ မဲဆန္ဒရှင်ပြည်သူများကို ကိုယ်စားပြုမှုတာဝန်များနှင့်ပတ်သက်၍ လက်တွေ့ဆောင်ရွက်နေမှုများ၊ လွှတ်တော်တွင်းကော်မတီ၏လုပ်ငန်းများအကြောင်းကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါ်ထုမေ၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးနိုင်ကိုကို၊ ဦးဇော်ဟိန်းတို့ တက်ရောက်ကြပါသည်။