အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီဝင်များအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဦးက (၁၄.၃.၂၀၁၇)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18)အပေါ်ထပ် အစည်းအဝေးခန်းမ၌ နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ရေးရာများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို လာရောက်ဆွေးနွေးပို့ချပါသည်။
ယင်းသို့ဆွေးနွေးပို့ချရာတွင် နိုင်ငံခြားတိုင်းပြည်များတွင် သံရုံးများ၊ အမြဲတမ်း ကိုယ်စားလှယ်ရုံးများ၊ ကောင်စစ်ဝန်ရုံးများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရည်ရွယ်ချက်များ၊ မူဝါဒများနှင့် ဦးစီးဌာန၏ ဖွဲ့စည်းပုံနှင့်ဆောင်ရွက်ချက်များအပါအဝင် နိုင်ငံတကာရေးရာနှင့် သံတမန်ရေးရာများနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပို့ချခဲ့ပါသည်။
အဆိုပါဆွေးနွေးပို့ချပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါ်ထုမေ၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးနိုင်ကိုကို၊ ဦးစိုင်းအုန်းကျော်၊ ဦးဇော်ဟိန်း၊ ဦးဖေတင်၊ ဗိုလ်မှူးဇဝနနှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြပါသည်။