Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် အဖွဲ့ဝင်များအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းလင်းဆွေက အာဆီယံရေးရာများနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို လာရောက်ဆွေးနွေး

Wednesday, June 7, 2017 - 14:30
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကော်မတီဝင်များအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းလင်းဆွေက (၇.၆.၂၀၁၇) ရက်နေ့ (၁၃၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18) အစည်းအဝေးခန်းမ၌ အာဆီယံရေးရာများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို လာရောက်ဆွေးနွေးခဲ့ပါသည်။

ယင်းသို့ဆွေးနွေးရာတွင် အာဆီယံအဖွဲ့အစည်းပေါ်ပေါက်လာပုံ၊ အာဆီယံအသိုက်အဝန်း(၃)ခုဖြစ်သည့် နိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း၊ စီးပွားရေးအသိုက်အဝန်းနှင့် လူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းများနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်တူ ကော်မတီအဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများတက်ရောက်ကြပါသည်။