Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ညှိနှိုင်းအစည်းအဝေးကျင်းပ

Thursday, April 28, 2016 - 12:57
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်း ဦးဆောင်သော ကော်မတီအဖွဲ့ဝင်များနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များဖြစ်ကြသော ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဦး ဦးဆောင်သောအဖွဲ့တို့သည် (၂၈.၄.၂၀၁၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော် ကော်မတီရေးရာဆောင်အမှတ် (I-18) အစည်းအဝေးခန်းမ၌ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပါသည်။

ထိုသို့အစည်းအဝေးကျင်းပရာတွင် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ လေ့လာရမည်ဖြစ်သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လက်ရှိကျင့်သုံးနေသော ဥပဒေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းနှင့်အတူ ​ကော်မတီဝင်များဖြစ်ကြသော ဦးမောင်မောင်လတ်၊ ဦးရဲမြင့်စိုး၊ ဦးဇော်ဟိန်း၊ ဒေါက်တာဝင်းမြင့်၊ ဦးစိုင်းအုန်းကျော်၊ ဦးနိုင်ကိုကို၊ ဦးဖေတင်၊ ဗိုလ်မှူးဇဝန နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။