Share this

အမျိုးသားလွှတ်တော်၊ ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များအား International Labour Organization(ILO) ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Greg Vines ဦးဆောင်သောအဖွဲ့က လာရောက်တွေ့ဆုံ

Thursday, September 20, 2018 - 14:43
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များသည် International Labour Organization(ILO) ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Greg Vines ဦးဆောင်သောအဖွဲ့အား (၂၀.၉.၂၀၁၈)ရက်နေ့ (၁၃၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-20)ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

မြန်မာနိုင်ငံ၏ အလုပ်သမားဥပဒေများနှင့်ပတ်သက်၍ နည်းပညာများ ကူညီပံ့ပိုးပေးရန် အသင့်ရှိပါကြောင်း၊ လွှတ်တော်အနေနှင့် ဥပဒေတွေအများကြီး လုပ်ဆောင်နေ၍ နှစ်ထောင်းအားရရှိပါကြောင်း၊ အလုပ်သမားဥပဒေများရေးဆွဲရာတွင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စံချိန်စံညွှန်းများ နှင့် ကိုက်ညီအောင် ရေးဆွဲရန် လိုအပ်ပါကြောင်း စသည်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ အတွင်းရေးမှူးနှင့်အတူ ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီအဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။