အမျိုးသားလွှတ်တော်၊ ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌဦးကျော်ထွေး နှင့် အဖွဲ့ဝင်များသည် ILO မှ Liaison Officer , Mr. Rory Mungoven ဦးဆောင်သောအဖွဲ့တို့က (၁၆.၁၁.၂၀၁၇)ရက်နေ့ (၁၄၃၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-15)အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို (ဒုတိယ)အကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း၊ အလုပ်သမားနှင့်ဆိုင်သောကိစ္စရပ်များကို ဆွေးနွေးသွားကြပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌဦးကျော်ထွေးနှင့်အတူ အဖွဲ့ဝင်(၄)ဦး၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တတ်ရောက်ကြပါသည်။