အမျိုးသားလွှတ်တော်၊ ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား ILO မှ Deputy Director General, Mr.Greg Vines ဦးဆောင်သော အဖွဲ့က (၂၄.၁.၂၀၁၉)ရက်နေ့ (၁၄၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
အလုပ်ရှင်၊ အလုပ်သမားများနှင့်သက်ဆိုင်သော အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးနှင့်အတူ ကော်မတီအဖွဲ့ဝင်များဖြစ်သော ဒေါက်တာခင်မကြီး၊ ဒေါ်နန်းမိုးမိုးထွေး၊ ဦးလှဆန်း၊ ဒေါ်အိအိပြုံး၊ ဒေါ်စန်းစန်းမြင့်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။