အမျိုးသားလွှတ်တော်၊ ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၈-၃-၂၀၁၆) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-15) ၌ အောက်ပါအစီအစဉ် (၆) ရပ်ဖြင့် ကျင်းပခဲ့ပါသည်။
၁။ အစည်းအဝေးစတင်ကြောင်း ကြေညာခြင်း။
၂။ ကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း။
၃။ အဖွဲ့ဝင်များမှ ဆွေးနွေးခြင်း။
၄။ အထွေထွေဆွေးနွေးခြင်း။
၅။ ကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားခြင်း။
၆။ အစည်းအဝေးပြီးဆုံးကြောင်း ကြေညာခြင်း။
အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေး၊ အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာခင်မကြီး၊ ဒေါ်နန်းမိုးမိုးထွေး၊ ဦးကျင့်ခန့်ပေါင်၊ ဦးမင်းနိုင်၊ ဦးလှဆန်း၊ ဦးဥက္ကာမင်း၊ ဒေါက်တာဦးကြွယ်ကြွယ်၊ ဦးစိုးသီဟ(ခ) မောင်တူး၊ ဦးကျော်သန်း၊ ဒေါ်အိအိပြုံး၊ ဗိုလ်မှူးကြီးသန်းထိုက် နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။