Share this

အမျိုးသားလွှတ်တော်၊ မြန်မာ-ဂျပန်လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအသင်းနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီဥက္ကဋ္ဌ့နှင့်အဖွဲ့ဝင်များအား ဂျပန်နိုင်ငံ အခြေစိုက်၊ အာရှဒေသပတ်ဝန်းကျင်ကောင်းမွန်ရေး နည်းပညာပြန့်ပွားမှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာနှင့်အဖွဲ့တို့က လာရောက်တွေ့ဆုံ

Thursday, August 3, 2017 - 10:52
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ မြန်မာ-ဂျပန်လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအသင်းနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးနှင့် အဖွဲ့ဝင်များအား  ဂျပန်နိုင်ငံ အခြေစိုက်၊ အာရှဒေသပတ်ဝန်းကျင်ကောင်းမွန်ရေး နည်းပညာပြန့်ပွားမှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ Akio Kawakamiနှင့် အဖွဲ့တို့က  (၃-၈-၂၀၁၇) ရက်နေ့  (၁၄၃၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပမည့် 3rd  Industrial Human Resources Development Symposium  သို့ လွှတ်တော် (၂) ရပ်မှ သက်ဆိုင်ရာကော်မတီကိုယ်စားပြု ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများ တက်ရောက်နိုင်ရေးကိစ္စနှင့်  ဂျပန်-မြန်မာ သက်မွေးပညာသင်တန်းကျောင်း၊ အောင်ဆန်းစီမံကိန်း (Japan – Myanmar Vocational Training Institute Aung San Project) အကောင်ထည်ဖော် ဖွင့်လှစ်နိုင်ရေးကိစ္စများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးနှင့်အတူ မြန်မာ-ဂျပန် လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအသင်း အဖွဲ့ဝင် (၄)ဦး၊ ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ အဖွဲ့ဝင်(၃)ဦးနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။