Share this

အမျိုးသားလွှတ်တော်၊ ရေးရာကော်မတီများအား WORLD BANK မှ DIRECTOR OF SOCIAL, URBAN, RURAL AND RESILIENCE GENERAL PRACTICE MS. ANNA WELLENSTEIN က လာရောက်တွေ့ဆုံ

Friday, November 18, 2016 - 13:39
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီမှ ဥက္ကဋ္ဌ ဦးဘမျိုးသိန်း၊ အတွင်းရေးမှူး ဦးစိုးဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာခွန်ဝင်းသောင်းနှင့် ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးလှမြင့် (ခ) ဦးလှမြင့်သန်းတို့အား World Bank မှ Director of Social, Urban, Rural and Resilience General Practice Ms. Anna Wellenstein က (၁၈-၁၁-၂၀၁၆) ရက်နေ့ (၁၃၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြေယာအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ထောက်ပံ့မှုစီမံချက်တွင်ပါဝင်သော မြေယာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။